#သတင်းကောင်း(Gospel)#ဆိုတာ_ဘာလဲ ?



- သတင်းကောင်း (Gospel) ဆိုတဲ့ စကားလုံးကို မကြားဖူးတဲ့ ခရစ်ယာန်ဆိုတာ မရှိသလောက်
ဖြစ်ပေမယ့်လို့ အဓိပ္ပါယ်မေးကြည့်ရင် လုံးဝကို
ကွဲပြားတဲ့အဖြေတွေ ထွက်လာတာလေ့လာတွေ့ရှိရမှာပါ။ ဒါကြောင့်လည်း ဒီခေတ် ခရစ်ယာန် အသိုင်းဝိုင်းကြားတွေမှာ ကွဲပြားနေတဲ့ သတင်း ကောင်းတွေကို ပုံစံအမျိုးမျိုးဖြင့်နေရာတစ်ကာ မှာ ကြားနေရခြင်း ဖြစ်ပါတယ်။ 

- သေချာတာ တစ်ခုတစ်ခုက ဒီလိုမတူညီကြတဲ့ သတင်းကောင်းအားလုံးကို အမှန်သတ်မှတ် လို့မရသလို အားလုံးကို အမှားသတ်မှတ် လို့လည်း မရပါဘူး ။ ဒီအမျိုးမျိုးသော သတင်းကောင်းများကြားမှာ အမှန်တစ်ခုရှိပြီးကျန်တာအားလုံး မှားမှရမယ့် ကိစ္စဖြစ်ပါတယ်။ ဒီအမှန်နှင့်အမှား
က ထာဝရအရေးဖြစ်လို့ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။

- ခရစ်ယာန်ယုံကြည်ခြင်းမှာ အမှန်၊အမှားခွဲခြား ဖို့ ကျွန်တော်တို့ရဲ့ ထင်မြင်ယူဆချက်တွေက အ
ဆုံးသတ် အဖြေ မဟုတ်ပါဘူး။ ဘုရားသခင် ရဲ့ နှုတ်တော်ထွက်ဖြစ်တဲ့ သမ္မာကျမ်းစာ (Bible)
သာလျှင် (Scripture Alone) အဆုံးသတ်အဖြေ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာက ပြော
တဲ့ သတင်းကောင်းကို တင်ပြဆွေးနွေးပါရစေ။ အစအဆုံးထိ  သေချာဖတ်ပြီး ဝေဖန်ထောက်ပြ အကြံပေးမှုတွေ အားလုံးကို ဝမ်းသာစွာ ကြိုဆိုပါတယ်။

#သတင်းကောင်း_ဝေါဟာရဇစ်မြစ်

- ဝေါဟာဇစ်မြစ်ဗေဒ( Etymology) ဆိုင်ရာအရ
Gospel ဆိုတဲ့ စကားလုံးက ရှေးအင်္ဂလိပ်ဖြစ်တဲ့ god-spel စကားလုံးမှ ဆင်းသက်လာပြီး #ကောင်းကျိုးဇတ်လမ်း လို့ အဓိပ္ပါယ်ဖွင့်ဆိုကြ
ပါတယ်။ god-spelဆိုတဲ့စကားလုံးက ရှေးဂရိ
စကားလုံး (နာမ်) ဖြစ်တဲ့( ) မှ ဆင်း
သက်လာပြီးမူရင်းစာအရ #သတင်းကောင်း လို့ အဓိပ်ပါယျ ဖွင့်ဆိုကြပါတယ်။အင်္ဂလိပ်စကားလုံး
တွေဖြစ်တဲ့ Evangelist, Evangel, Evangelical
တွေကဒီဂရိစကားလုံး(နာမ်)ဖြစ်တဲ့
(euaggelion) ကို အခြေခံပြီး ထွက်ပေါ်လာတဲ့
စကားလုံးတွေ ဖြစ်ပါတယ်။

-ဒါကြောင့်ဆရာကြီးယုဒဿန်က ဂရိစကားလုံး
ဖြစ်တဲ့  (euaggelion) ကိုမြန်မာလို
#ဧဝံဂေလိ လို့တိုက်ရိုက် ဘာသာပြန်ခြင်းဖြစ်ပါ
တယ်။ အနှစ်ချုပ်ပြီးပြောရရင် အင်္ဂလိပ်စကား
လုံးဖြစ်တဲ့ Gospelက ဂရိစကားလုံး(နာမ်)ဖြစ်တဲ့ (euaggelion) မှလာပြီး Good
News (သတင်းကောင်း (သို့) ဧဝံဂေလိ) လို့ အ ဓိပ္ပါယ်ရပါတယ်။ ဧဝံဂေလိက သတင်းကောင်း ဖြစ်ပြီး သတင်းကောင်းဆိုတာ ဧဝံဂေလိတရား
လည်းဖြစ်ပါတယ်။ သတင်းကောင်း (Gospel)
ဆိုတဲ့စကားလုံးကို ဓမ္မသစ်ကျမ်းမှာ (၉၃) ကြိမ် တွေ့ရပါတယ်။

#သတင်းကောင်း_အဓိပ္ပါယ်ဖွင့်ဆိုချက်

- တမန်တော် ရှင်ပေါလုက (ကောရိန္တုဩဝါဒစာ ပဌမစာ စောင် ၁၅:၁-၄) မှာ ဧဝံဂေလိတရား(သို့)
သတင်းကောင်း (Gospel)ရဲ့ အဓိပ္ပါယ်အကျဉ်း
ချုပ်ဖော်ပြထားပါတယ်။

 ၁။ ညီအစ်ကိုတို့၊ ငါသည် သင်တို့အား ဟော ပြောဘူးသည်နှင့်အညီ၊ သင်တို့သည်ခံယူ၍ မှီဝဲဆည်းကပ်သော #ဧဝံဂေလိတရား ကို သင်တို့အား တဖန်ငါကြားလိုက်၏။  
၂။အထက်က ငါဟောပြော သည်အကြောင်းများကိုသင်တို့သည်အကျိုးမဲ့မယုံဘဲစိတ်စွဲလန်း လျှင်၊ ထို #ဧဝံဂေလိတရား အားဖြင့် ကယ်တင်တော်မူခြင်း သို့ ရောက်ကြ၏။ 
၃။ ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း သင်တို့အားရှေ့ဦးစွာအပ်ပေးသောအကြောင်းအရာ ဟူမူကား၊ #ခရစ်တော်သည်ကျမ်းစာလာသည်အတိုင်း #ငါတို့အပြစ်ကြောင့်_အသေခံတော်မူ ၏။
၎။ သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သော နေ့၌ #ထမြောက်တော်မူ ၏။  
၅။ #ကေဖ သည်ကိုယ်တော်ကိုမြင်ပြီးမှ၊ တကျိပ် နှစ်ပါးသောသူတို့သည် မြင်ရကြ၏။
၆။ ထိုနောက် #ညီအစ်ကိုငါးရာမက၊ တပြိုင် နက် မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခုတိုင်အောင်အသက်ရှင်ကြသေး၏ အချို့တို့သည် အိပ်ပျော်ကြပြီ။ 
၇။ ထိုနောက် #ယာကုပ် မြင်ရ၏။ 
၈။ ထိုနောက် #တမန်တော်အပေါင်းတို့သည် မြင်ရကြ၏။ နောက်ဆုံး၌ အချိန်မတော်မတန် ဘွားသောသူကဲ့သို့ ဖြစ်သော #ငါပင် မြင်ရ၏။  

- ဒီကျမ်းချက်က ရှေးကနဦး ခရစ်ယာန်များ၏ 
ဝန်ခံယုံကြည်ချက် ဖြစ်ပါတယ်။ဒီဝန်ခံယုံကြည်
ချက်မှာ အရေးကြီးတဲ့ အချက်နှစ်ခုရှိပါတယ်။
(၁) ခရစ်တော်သည် ငါတို့အပြစ်ကြောင့် အသေ ခံ တော်မှု၏။
(၃) သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မှု၏။
- ဒီနှစ်ချက်ကို ကျမ်းစာလာသည် အတိုင်းပြောရခြင်းက ကျမ်းစာအားဖြင့်(ဆာလံ ၁၆:၁၀၊ဟေ ရှာယ ၅၃:၈-၁၀)မှန်မမှန် စစ်ဆေးနိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီကျမ်းစာက ဘုရားသ ခင်မှလာတဲ့ အရာဖြစ်လို့သတင်းကောင်းဆိုတာ ဘုရားသခင်ထံမှ လာတဲ့အရာဖြစ်ကြောင်းသိရှိနိုင်ပါတယ်။ ပြီးဝောာ့ ဧဝံဂေလိ တရားရဲ့ နှလုံး
သားဖြစ်တဲ့ #ရှင်ပြန်ထမြောက်ခြင်း ကို သမိုင်းဆိုင်ရာ အချက်အလက်တစ်ခုဖြစ်တဲ့ သချိုင်းဂူအလွတ် (Empty Tomb) နှင့် မျက်မြင်သက်သမြေားစှာဖျောပွထားဝာာ တွေ့ရှိရပါတယ်။
 
-အကြောင်းရင်းကတော့ ရှင်ပြန်ထမြောက်ခြင်း က နှစ်ပေါင်းနှစ်ထောင်ကျော်က သမိုင်းဖြစ်ရပ်
မှန်ဖြစ်ပြီး ဒီဖြစ်ရပ်မှန်ကသာ  ဧဝံဂေလိတရားကို ပြည်ဝစုံလင်စေတာဖြစ်ကြောင်း ဖော်ပြလိုခြင်း ဖြစ်ပါတယ်။ ဒါကို တမန်တော် ရှင်ပေါလု
က (၁ကော ၁၅:၁၄) မှာ 
 "ခရစ်တော်သည် ထမြောက်တော်မမူ လျှင်၊ ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ ယုံ ကြည်ခြင်း၌လည်း အကျိုးမရှိ။" လို့ဖော်ပြထား
ပါတယ်။ ဧဝံဂေလိတရားဆိုတာ ဘုရားသခင်
ကိုယ်တိုင် လူသားတွေအတွက် နှစ်ပေါင်းနှစ်
ထောင်ကျော်က ပေးခဲ့တဲ့ သတင်းကောင်း ဖြစ်ပါတယ်။

- လိုရင်းတိုရှင်းပြောမယ်ဆိုရင် သတင်းကောင်းဆိုတာ သခင်ခရစ်တော်ရဲ့ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဖြစ်ပါတယ်။ 

#သတင်းဆိုးဆိုတာ_ဘာလဲ ?

- မကြာသေးခင်က ဆုံးပါးသွားတဲ့ ကမ္ဘာကျော် ခရစ်ယာန် အတွေးအခေါ် ပညာရှင်ဖြစ်တဲ့ Ravi Zacharias က " C.S Lewis ပြောသလို  မှန်ကန်တဲ့ အတွေးခေါ်သမား ပိုမှန်ကန်ဖို့ မှားနေတဲ့ အ တွေးခေါ်သမား ရှိဖို့လိုပါတယ်။ ဒီလိုပဲ သတင်း ကောင်းမှန်ကန်စွာသိဖို့ သတင်းဆိုးရှိဖို့လိုတယ်" 
လို့ ပြောခဲ့သလို သတင်းကောင်းကို ကောင်းစွာသိဖို့ သတင်းကောင်း အရင်သိဖို့လိုပါတယ်။

 ပထမ သတင်းဆိုးကတော့ ကျမ်းစာက လူ
သားအားလုံးကို အပြစ်သားဖြစ်ကြောင်း ဖြစ်ပြ
ထားပါတယ်။ အာဒံနှင့်ဧဝရဲ့ ဘုရားသခင်ကို မ
နာခံခြင်း အပြစ်ကြောင့်  လူသားအားလုံးအပြစ်
ရဲ့ ကျွန်ဘဝအဖြစ် ကျဆုံးသွားခဲ့ရပါတယ်။

 ထိုအခါ မြေကြီးသည်၊ ဘုရားသခင့်ရှေ့မှာ ပုတ်စပ်လျက်ရှိ၏။မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီး ကို ကြည့်ရှုသော အခါ၊ ပုတ်စပ်လျက် ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖောက်ပြန်ခြင်းသို့ရောက်ကြပြီ။ ( ကမ္ဘာဦးကျမ်း ၆:၁၁-၁၂)
 ကျမ်းစာလာသည် ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။  (ရောမ ၃:၁၀)
 အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော် ၌အသရေပျက်ကြပြီ။ (ရောမ ၃:၂၃)

- ကျွန်တော်တို့ ကြိုက်သည်၊မကြိုက်သည် ဖြစ်
စေ ကျမ်းစာအရ လူသားအားလုံး ထိုအပြစ်မှ
မွေးဖွားလာကြပြီး အပြစ်လုပ်လို့ အပြစ်သား
ဖြစ်တာမဟုတ်ဘဲ အပြစ်သားဖြစ်လို့ကို အပြစ် လုပ်ကြတာပါ။ ကလေးငယ်ကို ဘယ်သူမှ စိတ်
ဆိုးတာ၊ မနာလိုတာ၊ ဒေါသတွက်တာ၊ ရန်ဖြစ်တာ၊ သူတစ်ပါးပစ္စည်း တပ်မက်ခြင်း တွေကို
မသင်ပေးကြပါဘူး ဒါပေမယ့်လို့ ဒါတွေအားကို
သင်ပေးဖို့မလိုအောင် တတ်နေကြတာကအပြစ် အားဖြင့် မွေးဖွားခြင်းကြောင့်သာ ဖြစ်ပါတယ်။ 

- အပြစ်ဆိုတာ ထာဝကဘုရားသခင် နှင့် သူ့ရဲ့အခွင့်အာဏာကို ငြင်းပယ်ပြီး မိမိစိတ်ဆန္ဒ၏ အလိုအတိုင်း ပြုမှုနေထိုင်ခြင်းဖြစ်ပြီး ထိုအပြစ် ကြောင့် သန့်ရှင်းဖြောင့်မတ်တဲ့ ဘုရားသခင် နဲ့ ဝေးကွာရခြင်း ဖြစ်ပါတယ်။

 ဒုတိယ သတင်းဆိုးက အပြစ်ရဲ့ အခဖြစ်ပါတယ်။ (ရောမ ၆:၂၃) မှာ
အပြစ်တရား၏အခကား သေခြင်းပေတည်း
လို့ ဖော်ပြထားပါတယ်။ 
- သေခြင်းလို့ပြောတဲ့အခါမှာ ကိုယ်ခန္ဓာသေဆုံးခြင်းထက် ဝိညာဉ်ရေးရာ သေဆုံးခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ထိုသေဆုံးခြင်းရဲ့ နောက်ဆုံး တရားစီရင်ရာ နေ့ရောက်ရင် သေချာတဲ့ ရလဒ် ကတော့ #ထာဝရငရဲမီးအိုင် သာဖြစ်ပါတယ်။
ပြည့်စုံတဲ့ လူသားဆိုတာမရှိဘူးလို့ လက်ခံရင်
လူသားတွေ ပြည့်စုံအောင် ကြိုးစားလို့ မရနိုင်ဘူးဆိုတာ လက်ခံရမှာပါ။ ပြည်စုံအောင်ကြိုး စားလို့ရရင် ပြည့်စုံတဲ့ လူသားဆိုတာ မရှိဘူး ဆိုတာ မှားပါတယ်။ဘုရားသခင် သတ်မှတ်တဲ့ ဖြောင့်မတ်ခြင်း စံနှုန်းအရကောင်းတဲ့ လူသားတယောက်မျှမရှိပါဘူး။ကြိုးစားလို့လဲ မရနိုင်ကြပါဘူး။ဒါကြောင့် ဘုရားသခင်ရှေ့ဝောာ်မှာ
အားလုံး #တရားစီရင္ခံရမွာပါ။ လွတ်မြောက်ဖို့
လမ်း မရှိပါဘူး။ 

- ဒါပေမယ့် ဘုရားသခင် ကျေးဇူးတော်ကြောင့်
ထိုအပြစ်နဲ့ ပေးဆပ်ရမယ့် အပြစ်အခ အတွက်
လွတ်မြောက်မယ့်လမ်း သတင်းကောင်းကို လူ သားတွေ အတွက်ပေးခဲ့ပါတယ်။ 

#သတင်းကောင်း_ဆိုတာ

- သတင်းကောင်းဆိုတာ မိမိအပြစ်ကြောင့် ခံရ
အပြစ်တွေအတွက် သခင်ခရစ်တော်ကိုယ်တိုင်
ကားတိုင်ပေါ်မှာ အသက်ခံ ပေးဆပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါ့ကြောင့် (ရောမ ၅: ၈- ၁၀) မှာ
၈။ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။ 
၉။ သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်း သို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။ 
၁၀။ အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်း အားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိ ဿ ဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့်ကယ် တင်တော်မူခြင်း သို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။ 

-ကျွန်တော်တို့ရဲ့ မပြည့်စုံခြင်း၊ကြိုးစားပြီးတော့
မိမိကိုယ်ကိုမိမိ မကယ်တင်နိုင်ကြောင်းကို သိရှိ ခြင်းက သတင်းကောင်း လိုအပ်ကြောင်းကိုထင်
ရှားစေပါတယ်။ယေရှုခရစ်တော်ရဲ့ လူသားများအပြစ်အတွက် အသေခံတော်မှုခြင်းက ဘုရား သခင်ပေးတဲ့ သတင်းကောင်းပင် ဖြစ်ပါတယ်။

#သတင်းကောင်းကို_တုံ့ပြန်ခြင်း

- ဘုရားသခင်ပေးတဲ့ ထိုသတင်းကောင်းကို ယုံ
ကြည်ခြင်းနှင့်အတူ နောင်တတရားနဲ့ ပြန်လည်
တုံ့ပြန်ဖို့ ဘုရားသခင်အလိုတော်ရှိပါတယ်။

 အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည်တည်လုနီးပြီ၊ #နောင်တရကြလော့။ #ဧဝံဂေလိတရားကို ယုံကြည်ကြလော့ ဟူသော ဘု ရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သော #ဧဝံဂေလိတရားကို ဟောတော်မူ၏။ (မာကု ၁:၁၅)

- သတင်းကောင်းဆိုတာ နောင်တတရားနဲ့ ခွဲလို့မရတဲ့ အရာပါ။ အပြစ်နောင်တရဖို့ မပါတဲ့ သ
တင်းကောင်းက ကျမ်းစာကပြောတဲ့ နောင်တမ ဟုတ်ပါဘူး။ နောင်တရခြင်းဆိုတာ မကောင်းမှုမှာ ပျော်မွေ့ခြင်းမရှိဘဲ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း နေ့စဉ်လိုက်လျှောက် အသက်ရှင်ခြင်း ဖြစ်ပါတယ်။ 

- နောင်တတရားနဲ့ အတူ ထိုသခင်ခရစ်တော်ကို
ယုံကြည်လက်ခံခြင်းအားဖြင့် ထာဝရအသက်ရရှိပြီး၊ အပြစ်ခွင့်လွှတ်ခြင်း ခံစားရပြီး ဘုရားသ
ခင်ရဲ့ သားသမီးဖြစ်ခွင့်ခံစားရပါတယ်။ တမန်
တော် ရှင်ယောဟန်က (ယော ၁:၁၂)
 ထိုသူကို လက်ခံသမျှသော သူတည်းဟူ သော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။ " လို့ဖော်ထားပါတယ်။

#အခြားသတင်းကောင်း 

- ယနေ့ လူသိများပြီး ခေတ်စားနေတဲ့ ကျန်းမာ၊ချမ်းသာ သတင်းကောင်း( Prosperity Gospel)
နှင့် လူမှုရေး သတင်းကောင်း( Social Gospel)
တွေက ကျမ်းစာနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ အခြား
သတင်းကောင်းများသာ ဖြစ်ပါတယ်။ ဒီအခြား
သတင်းကောင်း (Gospel) ကိုဟောပြောသူနဲ့
လက်ခံသောသူကို တမန်တော်ရှင်ပေါလုမှ ပြင်း
ထန်စွာ သတိပေးထားကြောင်း တွေ့ရပါတယ်။

 ထိုဧဝံဂေလိတရားသည် ဧဝံဂေလိ တရားမဟုတ်။ သင်တို့ကိုနှောင့်ရှက်၍ ခရစ်တော်၏ ဧဝံဂေလိတရားကို မှောက်လှန်ချင်သောသူအချို့ ရှိကြ၏။ သို့သော်လည်း သင်တို့အား ငါဟော ပြောသောဧဝံဂေလိတရားမှတပါး အခြားသော ဧဝံဂေလိတရားကို ငါတို့သည်ဟောပြောသော် ၎င်း၊ ကောင်းကင်ဘုံမှ လာသော ကောင်းကင် တမန်ပြောသော်၎င်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကိုခံစေ။  (ဂလာတိ ၁:၈) 

#သတင်းကောင်း_ဝေမျှခြင်း

- ကျေးဇူးတော်ကြောင့် သတင်းကောင်းကို ယုံ ကြည်လက်ခံသူတိုင်း ပြန်လည်ဝေမျှဖို့ ဘုရား
သခင်ကိုယ်တိုင် စေခိုင်းခြင်းဖြစ်ပါတယ်။

သင်တို့သည် လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကိုဟောကြလော့။(ရှင်မာကု ၁၆:၁၅) သတင်းကောင်းကို ယုံကြည်လက်ခံသူ
တိုင်း ဒီစေခိုင်းချက်ကို လိုက်နာဖို့ တာဝန်ကိုယ် ဆီရှိပါတယ်။

- သတင်းကောင်းဆိုတာ မယုံကြည်သူတွေ အ တွက်သာမက ယုံကြည်သူတွေလည်း တစ်ဦးနဲ့
တစ်ဦး ဝေမျှသင့်တဲ့ အရာဖြစ်ပါတယ်။သူသား
တွေ ဖြေရှင်းလို့မရတဲ့ ဘဝပုဒ်စာကို ဒီသတင်း
ကောင်းဝေမျှခြင်းအားဖြင့် ဘဝရဲ့အဖြေမှန်ရရှိ
ပြီးထာဝရအသက်ရရှိစေမှာ ဖြစ်လို့ ကိုယ်ချစ်တဲ့သူတိုင်း ဝေမျှဖို့ လိုပါတယ်။

- နိဂုံးချုပ်မှာ ပြောချင်တာက  သတင်းကောင်းဆိုတာ ကျွန်တော်တို့ကိုးကွယ်တဲ့ သုံးပါးတစ်ဆူ
ထာဝရဘုရား ရဲ့ လက်ရာတော်ဖြစ်ပါတယ်။
ခမည်းတော်ဘုရားသခင်က လောကီသားတို့ကို  
ချစ်တဲ့အတွက် တစ်ပါးတည်းသော သားတော်
သခင်ခရစ်တော် စေလွှတ်ပြီး၊ ထိုသားတော်က
အပြစ်သားတွေ အတွက် ကားတိုင်ပေါ်မှာ အ သေခံပြီး၊ သုံရက်မြောက်သောနေ့မှာ ရှင်ပြန်ထ
မြောက်ပြီး၊သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်
ထိုသခင်ကို ယုံကြည်ခြင်းအခွင့်ရရှိစေပြီး၊ ဒုတိ ယ မွေးဖွားခြင်းကိုလည်း ဖြစ်စေပြီး၊ ထာဝရအ သက်ရရှိပြီး တရားလမ်းသို့ပို့ဆောင်ကာ ဘုန်းတော်ထင်ရှားစေဖို့ အသုံးပြုပါတယ်။ ဒီစာကိုရေးသားတဲ့ အချိန်မှာ သူငယ်ချင်းတစ်ဦး ပို့တဲ့ Message အရမ်းသဘောကျလို့  အဲတာလေးနဲ့အဆုံးသတ် ပါရစေ။ 
- G.O.S.P.E.L 
- God Offers Sinful People Eternal Life

- မေတ္တာဖြင့်
- ရှိုင်းကိုကိုလင်း(SLT)

#ကိုးကား

- What is Gospel ? by Greg Gilbert 
- The Gospel according to Jesus by John
   MacArthur
- What is Gospel ? By J.Hamton Keathley
- God is the Gospel by John Piper 
- Photo design by BroShay

Comments

Popular posts from this blog

သိပ္ပံ နှင့် ဓမ္မ​ဒဿနိက (မိတ်ဆက်)

#ထင်ရှားစွာဆုံးမပြစ်တင်ခြင်း

ခရစ်ယာန်သမိုင်းမှ အသုံးပြုခဲ့တဲ့ ငါးသင်္ကေတ