ယေရှုခရစ်တော်ဘုရားဆိုင်ရာအရေးကြီးမေးဖြေ၁၀ချက်

၁။ယေရှုဟာဖန်ဆင်းရှင်မဟုတ်ဘူးလို့ပြောလာရင်တော့ဒီကျမ်းချက်ပြပါ။
( အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊မြေ
ကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့ အလိုငှာလည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။
ကောလောသဲဩဝါဒစာ ၁:၁၆။)

၂။ယေရှုဟာကိုးကွယ်ခြင်းခံတဲ့ဘုရား၊ချီးမွမ်းခြင်းခံတဲ့ဘုရားမဟုတ်ဘူးပြောလာရင်ဒီကျမ်းချက်တွေပြပါ။
(လှေသားတို့သည် ချဉ်းကပ်၍၊ စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်ပါသည်ဟု ညွတ်ပြပ်၍လျှောက်ကြ၏
မဿဲ ၁၄:၃၃)ယေရှုဟာကိုးကွယ်ခံတဲ့ဘုရားဖြစ်ကြောင်း
အခြားကျမ်းချက်များ၊ယောဟန်၊ ၂၀း၂၈၊တိတု၊ ၂း၁၃ ၊ဟေဗြဲ၁း၈၊ဗျာ၁၉း၁၀၊မဿဲ၊ ၂း၁၁၊ ၁၄း၃၃၊ ၂၈း၉၊ ၁၇၊ လု၊ ၂၄း၅၂၊ ယော၊ ၉း၃၈)။  

၃။ယေရှုဟာလူတွေရဲ့ဆုတောင်းခံတဲ့ဘုရားမဟုတ်ဘူးလို့ပြောလာရင်ဒီကျမ်းချက်တွေပြပါ။
(ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကို သင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍ လှမ်းသွားလော့ဟုဆိုလျက်၊-တမန်တော်ဝတ္ထု ၃:၆။)

၎။ယေရှုဟာဘုရားမဟုတ်ဘဲဘုရားဖြစ်သူကိုအဖေခေါ်တယ်လို့ပြောလာရင်ဒီကျမ်းချက်ပြပါ။
(အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်ကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီး
သောဘုရားသခင်၊ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ဟေရှာယ9:6 ။)
ဟေရှာ၉:၆ထဲမှာယေရှုပေါ်သုံးထားတဲ့
တန်ခိုးကြီးသောဘုရားသခင်ဆိုတဲ့ 
H410မူရင်းကျမ်းစကားလုံးဟာအခြားကျမ်းချက်တွေမှာအသုံးပြုခဲ့တာ၂၂၉နေရာရှိပါတယ်။
အရေးကြီး၅ချက်ထုတ်ပြပေးပါ့မယ်။
၁။ အမြင့်ဆုံးသော ဘုရားသခင်  (Gen 14:18-22)
၂။ အနန္တ တန်ခိုးရှင် ဘုရားသခင် (Gen 17:1၊28:3၊35:11၊43:14၊48:3၊ထွ6;3)
၃။ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်(Gen 21:33)
၎။ကြီးမြတ်သော ဘုရား (Deu 10:17)
၅။ မြတ်စွာဘုရားသခင်ထာဝရဘုရား (Jos 22:22)
ဒါတောင်ယေရှုဟာ"ထာဝရအဘ"ဆိုတဲ့  ကိုမပြောရသေးဘူး။တကယ်တော့ဘုရားကိုလူတွေလိုအဖေအမေရှိတယ်ထင်နေရင်မှားပါလိမ့်မယ်၊ယေရှုကလူ့ဇာတိခံမို့အဖေအဖေလို့ခမည်းတော်ကိုခေါ်တာဖြစ်သလိုကျမ်းစာမှာခမည်းတော်သားတော်ဆိုတာလူတွေနားလည်နိုင်အောင်ခိုင်းနိုင်းဖော်ပြထားတာပါ၊ယေရှုကိုလည်းဟေရှာ၉:၆ထဲမှာ"ထာဝရအဘ"လို့ပြောထားတာမမေ့သင့်ပါ။

၅။ယေရှုဟာထာဝရဘုရားမဟုတ်ဘူးလို့ပြောလာရင်ဒါပြပါ။
ရှင်ယောဟန်၁း ၁မွာအစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ဟု ဖော်ပြထားပြီးနှုတ်ကပတ်တော်သည်လူ့ဇာတိကို ခံယူခဲ့သည် လို့ယော၊ ၁း၁၄ မှာ ဖော်ပြပြီးဒီနူတ်ကပတ်တော်ဟာယေရှုဖြစ်ကြောင်း၊ယေရှုဟာဘုရားသခင်ဖြစ်ကြောင်းညွှန်ပြထားပါတယ်။
နောက်ပြီးတပည့်တော် သောမကလည်း သခင္ေယရႈကိုအကျွန်ုပ်၏အရှင်၊ ကျွန်ုပ်၏ဘုရားသခင် ဆိုပြီးယောဟန်၊ ၂၀း၂၈မှာခေါ်ခဲ့တာကိုယေရှုကသောမကိုမင်းငါ့ကိုခေါ်မှားနေပြီငါကဘုရားသခင်မဟုတ်ဘူးလို့မပြင်ပေးခဲ့ပါ။

၆။ဘုရားသခင်ကိုဘယ်သူမှမမြင်ဖူးသေးဘူးလို့ ပြောလာရင်ဒါလေးပြပါ။
ဘုရားကိုလူမျက်စိနဲ့မမြင်ရပေမယ့်ယေရှုခရစ်တော်ရဲ့လူ့ဇာတိခံခြင်းအားဖြင့်ဖော်ပြလာတယ်ဆိုတဲ့ကျမ်းချက်ဖတ်ပါ။
(ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။ရှင်ယောဟန် ၁:၁၈။)

၇။ယရှေုကသူကိုယျတိုငျငါကဘုရားသခင်ပါလို့ကျမ်းစာထဲမပြောထားဘူးလို့ပြောလာရင်ဒီကျမ်းချက်နဲ့ဖြေပါ။
ယေရှုကရှင်ယောဟန်၁၀း၃၀မှာ  ငါနှင့်ငါ့ခမည်းတော်သည်တလုံးတဝဖြစ်၏လို့ပြောတော့ ယုဒလူတို့က၊ ကောင်းသော အမူကြောင့်ခဲနှင့်ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျှက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကြူးသော စကားကြောင့် ခဲနှင့်ပစ် မည်ဟုဆိုကြ၏  လို့ယောဟန်၊ ၁၀း၃၃မှာဆိုထားတာရှင်းလင်းလှပါတယ်။ယေရှုကသူ့ကိုယ်သူဘုရားပါလို့ပြောခဲ့လို့ဂျူးတွေဟာသူတို့ဓမ္မသတ်အရယေရှုကသေသင့်တယ်ခံယူလို့အသေသတ်ခဲ့ကြတာပါ။

၈။ယေရှုကအပြစ်ရှိလို့ဘုရားမဟုတ်ဘူး၊ခရစ်တော်ကမှဘုရားဖြစ်တယ်လို့ခွဲခြမ်းစိတ်ဖြာလာရင်ဒါပြပါ။
ကိုယ်တော်သည် ငါတို့၏အပြစ်များကို ဆောင်သွားခြင်းငှာ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့ သိကြ၏။ ကိုယ်တော်၌လည်း အပြစ်မရှိ။၁ယော3:5
မုသားကိုသုံးသောသူကား အဘယ်သူနည်း။ ယေရှုသည် ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏။၁ယော2:22
ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။ဟေဗြဲ4:15

၉။ယေရှုကနောက်မှပေါ်တဲ့ဘုရားပါလို့ပြောလာရင်ဒါပြပါ။
ယေရှုကလည်းငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မီ ငါဖြစ်၏ဟု မိန့်တော်မူ၏။ရှင်ယောဟန်ခရစ်ဝင်8:58 ။
ငါသည် အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။ဗျာဒိတ်ကျမ်း1:8

၁၀။ယေရှု၁၈နှစ်လုံးဘယ်ပျောက်နေလဲမေးလာရင်ဒါပြပါ။
(ခရစ်တော်ကိုနာဇရက်လူဟု ခေါ်ဝေါ်ကြလတ္တံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက်အမည်ရှိသောမြို့သို့ ရောက်၍ အမြဲနေလေ၏။မဿဲ2:23 )သတိ-#အမြဲနေလေ၏။
(ကြီးထွားတော်မူရာ နာဇရက်မြို့သို့ ရောက်ပြန်လျှင်...။လုကာ 4:16 )
သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကိုမဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည်မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ် ပျက်ကြ၏။မာကု 6:3 

Ye Mingပတ္တမြားမြေ)

Comments

Popular posts from this blog

သိပ္ပံ နှင့် ဓမ္မ​ဒဿနိက (မိတ်ဆက်)

#ထင်ရှားစွာဆုံးမပြစ်တင်ခြင်း

ခရစ်ယာန်သမိုင်းမှ အသုံးပြုခဲ့တဲ့ ငါးသင်္ကေတ