ယုံကြည်သူတစ်ယောက်အနေနဲ့ ခြောက်ပစ်ကင်းသဲလဲစင် ၁၀၀%အပြစ်ကင်းတဲ့ကိုယ်ခန္ဓာနဲ့ အသက်ရှင်နိုင်သလား ??
Is sinless perfection possible in this life?
ဧဖက် ၄:၁၃ ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊
ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊
တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်း
ပမာဏအရပ်တည်းဟူသော ကြီးရင့်သော လူ၏အဖြစ်
သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။
အင်္ဂလိပ်ကျမ်းစာမှာ တစ်ချို့ ဘာသာပြန်မှုတွေက
perfect (ပြည့်စုံခြင်း) လို့ဘာသာပြန်ပီး တစ်ချို့
ဘာသာပြန်မှုတွေမှာ mature(ရင့်ကျက်ခြင်း)လို့
ဘာသာပြန်တယ်။ အဲဒီမှာ တစ်ချို့လူတွေက ခရစ်ယန်
အသက်တာဟာ အပြစ်အလုံးစုံကင်းတဲ့ ပြည့်စုံခြင်းဘဝ
ဖြစ်တယ် လို့တွေးထင်လာကြတယ်။
ရောမ ၇:၁၄-၂၄ ကိုဖတ်ပါ။ ကောင်းကင်နိုင်ငံတော်ကို
မရောက်သေးသရွေ့ လောကမှာနောက်ဆုံးထွက်သက်
အထိ ဘယ်သူမှပြည့်စုံတဲ့ အဆင့်ထိမရောက်သေးဘူး
ဆိုတာ တွေ့ရမှာပါ။
ဧဖက် ၄:၁၃ ကို မူရင်းဂရိကျမ်းစာထဲမှာ teleios ဆိုတဲ့
စကားလုံးဟာ ရင့်ကျက်ခြင်းလို့ ဖော်ပြတယ်။ ဒါကို
အင်္ဂလိပ်ကျမ်းစာတစ်ချို့မှာ ပြည့်စုံခြင်းလို့ ဘာသာပြန်
မှုလုပ်ထားတယ်။ တကယ်တော့ ဧဖက် ၄:၁၃ ကိုရိုးရိုး
ရှင်းရှင်းပြောရရင် ခရစ်တော်ထဲမှာကြီးထွားရင့်ကျက်
လာခြင်း (the more we grow in Christ) ဖြစ်
တယ်။ ယုံကြည်ခြင်းတွေကြီးထွားလာမယ် အသက်တာ
တွေ တစ်ဖြည်းဖြည်း တစ်စတစ်စ ရင့်ကျက်မှုဘက်ကို
ဦးတည်လာမယ်။ ပြည့်စုံသွားတယ် ဆိုတာထက် ပြည့်စုံ
ခြင်းဘက်ကို ဦးတည်ပီးရွေ့ နေတဲ့အနေအထားကို
ဆိုလိုတာပါ။ ပန်းတိုင်မရောက်သေးဘူး ပန်းတိုင်ဘက်
ကိုသွားနေတယ် Direction မှန်နေတယ်လို့ ဆိုလိုတာ
ပါ။
ဒီမှာတစ်ချက် နားလည်မှုလွဲစရာဖြစ်မှာစိုးလို့ ရှင်းပြချင်
တယ်။ ပြည့်စုံခြင်းပမာဏကိုရောက်မှ ကယ်တင်ခြင်း ရ
မယ်လို့ပြောတာမဟုတ်ဘူးနော်။ ကယ်တင်ခြင်းရဖို့ဆို
တဲ့ပန်းတိုင်ကိုသွားနေတာမဟုတ်ဘူး။ ကယ်တင်ခြင်းက
ရောမ၁၀:၉၊ ဧဖက်၂:၈ မှာ လောကကြီးထဲကနေမထွက်
ခွါခင်ကတည်းက ရပီးပီဖြစ်တယ်။
ဥပမာလေးနဲ့ ရှင်းပြချင်တယ် ပြည့်စုံတဲ့ဥပမာမဟုတ်
ပေမဲ့ အနီးစပ်ဆုံးတော့ ဒီသဘောတရားရှိတယ်။ ဆိုကြ
ပါစို့ ပစ္စည်းတစ်ခုကို instalment နဲ့ အရစ်ကျဝယ်
တယ်ဆိုရင် ၂နှစ်ဆို၂နှစ်၊ ၃နှစ်ဆို၃နှစ်အတွင်း ပစ္စည်းရဲ့
တန်ဖိုးငွေကို တစ်လခြင်းဆပ်တာမျိုး ၆လတစ်ကြိမ်
လား စသဖြင့်ပေါ့။ ပိုက်ဆံအားလုံးမကျေသေးပေမဲ့
ပစ္စည်းကတော့ ကိုယ့်ပစ္စည်းလို့ သတ်မှတ်ခံထားရပီ။
ဒီဖြေရှင်းမှုမျိုးက ၁၀၀% မှန်ကန်တဲ့ဖြေရှင်းမှုမဟုတ်
ပေမဲ့ အနီးစပ်ဆုံးတော့ အဲ့လိုပဲရှင်းပြနိုင်တယ်။
နောက်ဥပမာတစ်မျိုးကြည့်ရအောင် လူတစ်ယောက်က
ကိုယ့်ကို ဘဏ်ကနေတစ်ဆင့် ပိုက်ဆံလွှဲလိုက်တယ်။
ကိုယ်ကမအားသေးလို့ ဖြစ်ဖြစ် ဘဏ်တွေပိတ်နေလို့
ဖြစ်ဖြစ် ကိုယ့်လက်ထဲကို မရောက်လာသေးပေမဲ့ ဘယ်
အချိန်သွားထုတ်ထုတ်ကိုယ့်ပိုက်ဆံပဲ လက်ထဲမရောက်
သေးတာပဲရှိတယ်။
ကယ်တင်ခြင်းက ကျနော်တို့ကိုဘုရားကပေးပီးပီ ပြည့်
စုံတဲ့ပဏါမကကိုရောက်နိုင်ဖို့က ခရစ်တော်နဲ့အတူ မိမိ
ကိုယ်ကိုငြင်းပယ်ပီး ခရစ်တော်ရဲ့အလိုတော်နဲ့ အသက်
ရှင်နေရတယ်။
ကောလောသဲ ၁:၂၈ ၊ ကောလောသဲ ၄:၁၂ ကိုဖတ်တဲ့
အခါမှာ သုံးထားတဲ့ ပြည့်စုံခြင်းဆိုတာ ဟာ ရင့်ကျက်
ခြင်းကိုဆိုလိုပါတယ်။ Complete or Perfect လုံးလုံး
အပြစ်ကင်းလူသားဖြစ်တယ် လို့ပြောတာမဟုတ်ပါ။
ရင့်ကျက်တယ်ဆိုတာ အကောင်းအဆိုးတွေခွဲခြားသွား
တတ်တဲ့အနေအထား၊ အပြစ်ပြုမိရင်တောင် ဘုရားဆီ
ကိုပြန်လှည့်လာပီး အမှားပြင်တတ်တဲ့အနေအထားကို
ဆိုလိုပါတယ်။
ဂလာတိ ၂:၁၁-၁၃ ကိုဘယ်လိုနားလည်သလဲ။
ပေတရုလုပ်တာအပြစ်လား။ တစ်ချို့ကိစ္စတွေက
လူမှုရေးတွေ၊ မျက်နှာပူစရာတွေကြောင့် မျက်နှာပူရတဲ့
ကိစ္စတွေရှိတယ်။ ပေါလုက အဲဒီလိုမလုပ်ဖို့ ဆုံးမရသေး
တယ်။ လောကမှာနေတဲ့အခါမှာ ဘုရားလူတွေလည်း မ
ပြည့်စုံသေးပါဘူး။
၁တိ၁:၁၅-၁၆ လောကမှာပုံသက်သေဖြစ်ဖို့ အပြစ်သား
တွေရဲ့ ဘဝရင့်ကျက်လာမှုက တစ်လောကလုံးအတွက်
မြင်သာထင်သာရှိတဲ့အနေအထားတစ်ခုဖြစ်လာစေ
တယ်။
ခရစ်တော် ဒုတိယအကြိမ်ကြွလာပီး ယုံကြည်သူများ
ဝိညာဏခန္ဓာနဲ့ ပြန်လည်ထမြောက်လာပီးရင်တော့
ပြည့်စုံတဲ့ပမာဏ ၁၀၀% ပြည့်စုံသူများဖြစ်လာကြမှာ
ဖြစ်တယ်။
ဖိလိပ်ပိ၃:၂၀-၂၁၊ ၁ကာ၁၅:၅၄
#AMM
Credit: Aung Myint Myat
Comments
Post a Comment