ယုံကြည်သူခရစ်ယန်များ ဓမ္မဟောင်းမှာရှိတဲ့ပညတ်တော်တွေကိုလိုက်လျှောက်ဖို့လိုသေးလား



ခရစ်ယန်များနဲ့ဓမ္မဟောင်းကျမ်းရှိပညတ်တော်တွေရဲ့

ဆက်စပ်မှုကိုနားလည်သဘောပေါက်ဖို့အရေးကြီးပါ

တယ်။ ဓမ္မဟောင်းပါပညတ်ချက်များသည် ဘုရားသခင်

မှ က္ကုသရေလလူမျိုးတော်အတွက် လိုက်လျှောက်ရန် 

မောရှေမှတစ်ဆင့်ပေးခဲ့ခြင်းဖြစ်တယ်။ ခရစ်ယန်များ

အတွက် ရည်ရွယ်ပီးပေးခဲ့ခြင်းမဟုတ်ပါ။ က္ကုသရေလ

လူမျိုးများ မည်ကဲ့သို့ဝတ်ပြုကိုးကွယ်ရမည်၊ မည်ကဲ့သို့

အပြစ်ဖြေရမည်၊ မည်ကဲ့သို့ယဇ်ပူဇော်ရမည်၊ အချို့

သောအရာများဟာ က္ကုသရေလလူမျိုးတော်၏ ဝတ်စား

ဆင်ရင်ရမယ်ဆိုတဲ့ဥပဒေ၊ ဘယ်လိုစားသောက်ရမယ်ဆို

တဲ့ ဥပဒေများကို ပြဌန်းပေးခဲ့တယ်။ 

ယနေ့ခရစ်ယန်ဖြစ်လာခဲ့ရင် အဲဒီဥပဒေတွေကိုလိုက်

လျှောက်ရမယ်ဆိုတဲ့ ဥပဒေကိုမဖော်ပြသလို အဲဒီဥပဒေ

ဟာ တစ်ပါးအမျိုးသားတွေအတွက်အကျုံးမဝင်ကြောင်း

တွေ့ရတယ်။ 

ရောမ ၁၀:၄မှာ "ယုံကြည်သောသူတို့သည်ဖြောင့်မတ်

ရာသို့ရောက်မည်အကြောင်း၊ ပညတ်တရားသည် 

ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။" လို့ဖော်ပြထား

တယ်။

ဂလာတိ၃:၂၃-၂၅ ပညတ်တော်ဟာ ခရစ်တော်ရောက်မ

လာခင်အထိ အထိန်းအဖြစ်ရှိနေပီး ခရစ်တော်အားဖြင့် 

ပညတ်တော်အထိန်းအောက်ကနေလွတ်မြောက်ပီး 

ယုံကြည်ခြင်းနဲ့ကျေးဇူးတရားက ကျနော်တို့ကို

ဆက်လက်လမ်းပြသွားတာဖြစ်တယ်။

ဧဖက် ၂:၁၅-၁၆ ကိုဖတ်ပါ။ ပညတ်တရားဟာ ဘုရားနဲ့

လူကြားမှာရှိတဲ့ ရန်ငြှိုးဖွဲ့ခြင်း အဖုအထစ်ဖြစ်ခြင်းကို 

ပညတ်တော်လိုက်လျှောက်ခြင်း နည်းလမ်းနဲ့ဖြေရှင်း

နေရာကနေ ခရစ်တော်အားဖြင့် ပိုင်းခြားလျက်ရှိတဲ့ 

တံတိုင်းကို ဖြိုဖျက်ပေးခဲ့တယ်။ ဘုရားနဲ့လူကြားမှာ 

ငြိမ်းချမ်းရေးရသွားတယ်။ 

ခရစ်ယန်တို့လိုက်လျှောက်ရမယ့်ပညတ်

ဓမ္မဟောင်းရဲ့ပညတ်တော်များနေရာမှာ ခရစ်တော်ရဲ့

တရားကို ကျနော်တို့ လိုက်လျှောက်ဖို့ဖြစ်လာတယ်။ 

ဂလာတိ၆:၁-၂

မသဲ၂၂:၃၇-၄၀ မှာကျင့်ဆောင်ရမယ့်အချက်၂ချက်ပဲရှိ

တယ်ဆိုပေမဲ့ ပညတ်ချက်တွေအားလုံးအားလုံးရဲ့အချုပ်

ဖြစ်တယ်။ တကယ်တော့ပုံစံပြောင်းပလိုက်တာ 

သဘောတရားခြင်းကအတူတူပဲ။ သို့သော် ဒီပညတ်က 

ကြောက်တဲ့စိတ်နဲ့ လိုက်လျှောက်နေခြင်းထက် 

ဘုရားကိုချစ်တဲ့စိတ်နဲ့ လိုက်လျှောက်ဖို့ဖြစ်တယ်။

 ဒါလေးတွေတော့ကွာသွားတယ်။

ဓမ္မဟောင်းကျမ်းမှာရှိတဲ့ပညတ်တော်တွေက အခုခေတ်

မှာ လုံးဝအကျုံးမဝင် ဘောင်မဝင်တော့ဘူးလို့ဆိုလိုတာ

မဟုတ်ပဲနဲ့ အသွင်ပြောင်းလိုက်တဲ့ပုံစံလေးတွေဖြစ်

တယ်။ ပညတ်ချက်တွေထဲမှာရှိနေတဲ့သွန်သင်ချက်တွေ

က ခရစ်တော်ရဲ့ အသက်ရှင်မှုထဲမှာတွေ့နေရတယ်။ 
၁ယော၅:၂-၃
#AMM

Comments

Popular posts from this blog

သိပ္ပံ နှင့် ဓမ္မ​ဒဿနိက (မိတ်ဆက်)

#ထင်ရှားစွာဆုံးမပြစ်တင်ခြင်း

ခရစ်ယာန်သမိုင်းမှ အသုံးပြုခဲ့တဲ့ ငါးသင်္ကေတ