Theology ဆိုတာဘာလဲ Theolgian ဆိုတာဘယ်သူတွလဲ? ဘာအတွက်လဲ?



Facebook ပေါ်က ယုံကြည်သူအချို့ရဲ့ အရေးအသားကိုကြည့်ပြီး အချို့ခရစ်ယာန်တွေက Theologian ဆိုတာနဲ့ ဖာရိရှဲလို့ပဲ လို့ခံယူကြတာတွေ့ရတယ်။ ဒါနဲ့ပါသက်ပြီး။ 

Theology ဆိုသည်မှာ Greek စကား Theo God Logy Study အဲဒီစကားလုံး နှစ်လုံး စာစုအနေနဲ့ရေးတဲ့အခါမှာ The Study of God ဘုရားသခင်အကြောင်းလေ့လာ ဆည်းပူးခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဒါ့ကြောင့်Theologian ဆိုတာ ဘုရားသခင်အကြောင်းကို ဘုရားသခင်မှတဆင့် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဖော်ပြမူနှင့်အတူ ခေတ်အဆက်ဆက်သူ့လက်ရွေးစင် တပည့်တော်များအားဖြင့်ရေးသားထားတဲ့ သမ္မာကျမ်းစာကို အခြေခံပြီး ဘုရားအကြောင်းကိုလေ့လာသူလို့ အဓိပ္ပာယ်ရပါတယ်။ ဒါ့ကြောင့် ပနာမ အနေနဲ့ Theologian ဆိုတာ ဖာရိရှဲမဟုတ်ပါဘူး။ 

သမ္မာကျမ်းစာလေ့လာရာမှာ အခြေခံအားဖြင့် သုံးဆင့်တွေ့ရပါတယ်။ 

၁။ ဖတ်ရူခြင်း၊ ဆင်ခြင်အေက်မေ့ခြင်း
၂။ Theologize ဖတ်ရူတဲ့အရာ ဘာဖြစ်တယ်တယ် ဘယ်လိုဖြစ်တယ်ဆိုတာ တွေးတောခံယူခြင်း Doctrine ဆိုတဲ့အယူဝါဒတွေဖြစ်ပေါ်လာတယ်။ 
၃။ လက်တွေ့ကျင့်သုံးခြင်း။    ။ ကိုဖတ်တဲ့အရာကို ဆင်ခြင်အောက်မေ့တွေးတော ဆင်ခြင်ပြီး လက်တွေ့ဘဝမှာ ကိုဖတ်ရူနားလည်တဲ့ Doctrine ကို လက်တွေ့ ကျင့်သုံးခြင်းဆိုပြီး ၃ ချက်တွေ့ရတာဖြစ်တယ်။ 

ကျွန်တော်တို့အားလုံးဟာ နူတ်ကပါတ်တော်ကို ဖတ်ရူဆင်ခြင်တဲ့အခါတိုင်း Theologize လုပ်နေကြတာဖြစ်တယ်။ ဒါ့ကြောင့် မှားယွင်းတဲ့ Theologizing က သမ္မာကျမ်းစာကနေမှားယွင်းတဲ့ အသက်တာကို ဦးတည်စေသလို မှန်ကန်တဲ့ Theologizing ကမှန်ကန်တဲ့ အသက်တာကို ပြညွှန်ပေးတာဖြစ်တယ်။ 

သမ္မာကျမ်းစာတစ်အုပ်ကို အတူဖတ်ရူပီးဘာ့ကြောင့် အယူဝဒတွေကွဲပြားတာလဲဆိုတော့ ဖတ်တာတူပေမယ့် ဖတ်တဲ့သူတဦးစီတိုင်းက ဖတ်ရူတဲ့အခါမိမိတို့ရဲ့ အတွေ့အကြုံ၊ အခြေခံစာပေနားလည်မူ၊ အတွေးအခေါ် တွေအပေါ် အခြေပြုပြီးဖတ်ရူကြလို့ဖြစ်တယ်။ 

ဒါ့ကြောင့် Theologian လို့ပြောတဲ့ ဓမ္မပညာရှင်တွေက သမ္မာကျမ်းစာဖတ်ကြားတဲ့အခါမိမိတို့ရဲ့ ဘဝအတွေ့အကြုံ ခံယူချက် အတွေးအခေါ်ပေါ်မှာ အခြေမခံပဲ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြခြင်းနဲ့အတူ ဒီကျမ်းပိုဒ်ကိုဘာ့ကြောင့် ရေးတာလဲ၊ ဘယ်သူကရေးတာလဲ၊ ဘယ်သူ့ကိုရေးတာလဲ၊ ဝိညာည်တော်က ကျမ်းရေးသူတွေကို ဒီကျမ်းအားဖြင့် ဖတ်ရူသူတွေကို ဘာကိုသင်ကြားစေခြင်တာလဲ ဆိုတဲ့အရာပေါ်အခြေခံမှ သမ္မာကျမ်းစာကို မှန်ကန်စွာ Exegesis လပ်ပြီး နားလည်သိရှိ ဘာသာပြန် လိုက်လျှောက်နိုင်မှာဖြစ်တယ်။ 

ဒါ့အပြင်သမ္မာကျမ်းစာရဲ့ စာပေအလေ့အထ ဖြစ်တဲ့ အတိတ်သရဝုတ္တိအင်္လကာ၊ ဥပမာအင်္လကာ၊ ကဗျာ စတဲ့ သဘောတရားကိုလဲနားလည်ဖို့အင်မတန်မှအရေးကြီးတာဖြစ်တယ်။ 

ဥပမာ ဆာလံ ၂၃:၁ "ထာဝရဘုရားသည်ငါ၏သိုးထိန်းဖြစ်တော်မူ၏" ဒီနေရာမှာ ဒါဝိဒ်က လူ့အမြင်မှာ သိုးထိန်းသူကသူဖြစ်ပေမယ့် အဲဒီသိုးတွေကို အရာရာအားလုံး ဖန်ဆင်းပိုင်သတဲ့ ဘုရားလက်ထဲအပ်ပြီး ဒီသိုးတွေကို တကယ်ထိန်းကျောင်းပေးသူ ဟာဘုရားသခင်ဖြစ်တယ်လို့ ဥပမာအလင်္ကာသုံးပြီး တင်စားခိုင်းနိုင်းထားတာဖြစ်တယ်။ 

ဒီလိုမဟုတ်ပဲ အတွေးအခေါ်ပေါ်အခြေခံပြီး ယေရူခရစ်ကလူသားအားလုံးကိုချစ်တာ ဘယ်သူ့ကိုမှငရဲထဲချမှာမဟုတ်ဘူး။ ခရစ်တော်ကို မယုံပဲသေလွန်သူတွေအတွက် ဘတ္တိဇံကိုယ်စားခံပေးရင်လူတိုင်းကောင်းကင်နိုင်ငံရောက်မယ် ဆိုပြီး ၁ ကော ၁၅:၂၉ ကိုအခြေံလိုက်တာ မာမွန်ဆိုတဲ့ အယူလွဲဂိုဏ်းတွေပေါ်လာတယ်။  သေလွန်သောသူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင်၊ သေလွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံကိုခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း။ သေလွန်သော သူတို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံကို ခံရကြသနည်း။-
ကော ရိ န်သု ဩ ဝါ ဒ စာ ပ ထ မ စောင်။ 

ဗျာဒိတ်ကျမ်း၊ ဇာခရိအနာဂတ်တိကျမ်း၊ ယေဇကျေလ၊ ဒံယေလ အနာဂါတ်တိကျမ်း၈ မှ အဆုံးထိ စတာတွေကို Apocalyptic Literature လို့ပြောတဲ့ နောက်ဆုံးသောကာလအကြောင်းတွေကို Apocalyptic Term လို့ပြောတဲ့ Symbolic သင်္ကေတသဘောတရားဖြစ်တဲ့ ခြင်္သေ့ ယုဒအမျိုး၊ နဂါး စာတန်၊ ၁၄၄၀၀၀ အတိုင်းမသိ ကျယ်ဝန်းခြင်းစတဲ့ စကားလုံးတွေသုံးနူန်းပြီးရေးထားတာဖြစ်တဲ့အတွက် ဒီလို ကျမ်းပိုဒ်တွေ ကို နာလည်ဖို့ ဘုရားသခင်က အထူးညာဏ်ပညာဆုကျေးဇူးပေးထားတဲ့ Theologian တွေ ရဲ့သင်ကြားခြင်းကိုခံယူခြင်း သို့ သူတို့ရေးတဲ့စာပေတွေကိုလေ့လာဖို့မဖြစ်မနေလိုအပ်တာဖြစ်တယ်။ 

အချို့ကျမ်းစာကျောင်းမတက်ချင်သူအချို့ ပြောလေ့ရှိတဲ့စကားကတော့  ဆုတောင်းပြီးကျမ်းစာဖတ်ရင် ဝိညာဉ်တော်ဖော်ပြတယ် ဆိုပြီးပြောလေ့ရှိကြတယ်။ ဒီကိစ္စနဲ့ပါသက်ပြီး ကျွန်တော့သူငယ်ချင်း ဆရာ Daniel Cin Pau ပြောတာလေးကို သတိရမိတယ်။ ယေရူရှလင်မြို့နဲ့ ယေရိခေါမြို့ ဘယ်နှစ်မိုင်ဝေးသလဲဆိုတာ ခင်ဗျားဆုတောင်း ကျွန်တော် Library သွားမယ် အဖြေဘယ်သူအရင်တွေ့မလဲ? 

ကျမ်းပိုဒ်တော်တော်များများကို သာမန်ဂရုတစိုက်ဖတ်ရူဆင်ခြင်ရုံနဲ့ နားလည်နိုင်သလို အချို့ နက်နဲတဲ့ ဘုရားသခင်ရဲ့ဖြစ်တည်ခြင်း သုံးပါးတဆူ၊ ခရစ်တော်ရဲ့လူ့ဇာတိ နဲ့ ဘုရားဇာတိ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်လုပ်ခြင်းတွေကို လေးလေးနက်နက် ဂဂနန နားလည်နိုင်ဘို့ ဘုရားသခင်က အထူးညာဏ်ပညာဆုကျေးဇူးပေးထားတဲ့ Theologian တွေရဲ့ အကူအညီလိုအပ်တာဖြစ်တယ်။ 

ဒါ့ကြောင့်သမ္မာတရား ကိုမှန်ကန်စွာနားလည်ပြီး အမှားကို ထောက်ပြသူတွေဟာ ကျမ်းစာကျောင်းမတက်ချင်တဲ့ သို့တက်ပြီးစာမကျေတဲ့ သို့ ဧဝံဂေလိ ဆရာအချို့ရဲ့ Brainwash ထားသလို ဖာရိရှဲမဟုတ်ဘူးဆိုတာ နားလည်ဖို့အင်မတန်မှအရေးကြီးတာဖြစ်တယ်။ 

ဥပမာ။   ။မောင်ဖြူက မောင်မဲကိုသတ်တယ်၊ အဲတာကို မောင်ဘကမြင်တယ် ဒါပေမယ့် လူသတ်မူကျူးလွန်ဖူးတဲ့ မောင်မြကိုရဲကဖမ်းပြီးထောင်ချမယ်ဆိုရင် အမှန်တရားကိုသိတဲ့ မောက်ဘက သက်သေထွက်မဆိုရင် အမှန်ကိုမပြောမိရင် သူ့ဩသပစိတ်မှာ သူတနုတ်နုတ်ခံစားရမှာဖြစ်တယ်။ 

ခုလဲဒီသဘောတရားပါပဲ အမှားဟောတဲ့ဆရာတွေကို အမှန်သိတဲ့ ဆရာတွေက ထောက်ပြတဲ့အခါ မနာလိုလို့၊ ကျမ်းတတ်၊ ဖာရိရှဲဆိုပြီး ဆရာတွေ Brainwash ခံရတဲ့မိမိတို့အသက်တာကို ပြန်လည်ဆန်းစစ်ပြီး သမ္မာတရားကို အခြေခံပြီးပြန်လည် သုံးသပ်ကြည့်ဖို့အင်မတန်မှအရေးကြီးတာဖြစ်တယ်။ 

Theology နဲ့ပါတ်သက်ပြီး Systematic Theology ကိုရေးသားခဲ့တဲ့ Millard J. Erickson က သီအိုလိုဂျီဆိုတာ သမ္မာတာရားကို အခြေခံပြီး သမ္မာကျမ်းစာရဲ့စာပေ၊ ခေတ်ကာလ ရေးသားသူရဲ့မူလ ရေးသားရတဲ့ရည်ရွယ်ချက်တွေကို လေ့လာပြီး ရှင်းလင်းစွာ ဘာသာပြန်ပြီး ယုံကြည်သူများ ကျင့်သုံးဖို့ မှန်ကန်ရှင်းလင်းတဲ့ခံယူချက်ကို စီးစနစ်တကျ ထုတ်ဖော်ပေးတာဖြစ်တယ်။" 

Gailyn Van Rheenen က "သီအိုလိုဂျီ ဆိုတာ ဘုရားသခင်ရဲ့ဖန်ဆင်းခြင်း၊ လူသားတွေရဲ့ဖြစ်တည်ခြင်း၊ ဘုရားသခင်ရဲ့ဖြစ်တည်ခြင်း၊ ဘရားနဲ့လူသား ရဲ့ဆက်နွယ်မူကို ထုတ်ဖော်ရှာဖွေတာဖြစ်တယ်။" ဆိုပြီးရှင်းပြထားတာတွေ့ရတယ်။

ယုံကြည်သူဆိုတာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းအသက်ရှင်ရတာဖြစ်တယ်။ အဲဒီလိုအသက်ရှင်နိုင်ဘို့အတွက် ဘရားသခင်ကို မှန်ကန်စွာသိကျွမ်းခြင်းနဲ့ ကိုယ့်ရဲ့ ဖြစ်တည်မူကို မှန်ကန်စွာသိရှိဖို့လိုအပ်တာဖြစ်တယ်။ 

မှန်ကန်တဲ့သီအိုလိုဂျီက မှန်ကန်တဲ့ကိုးကွယ်ခြင်း အလိုဆောင်ခြင်းကို ဦးတည်စေသလို မှားယွင်းတဲ့ သီအိုလိုဂျီက မှားယွင်းတဲ့အသက်ရှင်ခြင်းကို ဦးတည်စေမှာဖြစ်တယ်။ 

ထာဝဘုရားကိုမှန်ကန်သ သိကျွမ်းဖို့ ကနဦးမှာ Church Fathers, 16 ရာစုမှာ Martin Luther& John Calvin& Arminian etc. ယနေ့ခေတ်မှာ N.T Wright& Erickson etc.... တို့ကို ဘုရားကခေတ်အဆက်ဆက်အသုံးပြုခဲ့တယ်။ 

ဒါ့ကြောင့် ဆရာသမားအချို့ရဲ့ Theology ဆိုတာ အတွေးအခေါ်သက်သက်ပါ ကျမ်းတတ် ဖာရိရှဲတွေပါဆိုတဲ့ Brainwash ခံရခြင်းမှနိုးထပြီး Theology ကိုနားလည်ပြီး မှားယွင်းတဲ့သွန်သင်ချက်တွေကို ထောက်ပြသူတွေကလဲ မေတ္တာစေတနာ နဲ့ထောက်ပြမယ်ဆိုရင်ဖြင့် ရွှေပြည်တော် မျှော်ရင်မဝေးတော့ပါဘူးလို့ မျှော်လင့်ရင်း

အရောက်စီတိုင်းအပေါ်ဘုရား ကောင်းကြီးရှိပါစေ။ 

ဒါနဲ့
(ယေရူခရစ်ကို ယုံကြည်ရင် ထာဝရအသက်ရမယ်ဆိုတာလဲ သီအိုလိုဂျီပါပဲ)

မေတ္တာဖြင့်
Kham Khai 

References:

Millard J. Erickson: Systematic Theology 
Gordon D. Fee and Douglas Stuart: How to Read the Bible  3 rd edition. 
Jacob Paikad: Apocalyptic Professor New Life College 
Gailyn Van Rheenen: Asian Theology Class (APTS) 
Sam Solivan: Biblical Mandate (Haggai Institute) 
Got Questions?

Comments

Popular posts from this blog

သိပ္ပံ နှင့် ဓမ္မ​ဒဿနိက (မိတ်ဆက်)

#ထင်ရှားစွာဆုံးမပြစ်တင်ခြင်း

ခရစ်ယာန်သမိုင်းမှ အသုံးပြုခဲ့တဲ့ ငါးသင်္ကေတ