၁ယော၁:၁-၉မှာပြောသလိုအပြစ်ကိုဝန်ချတောင်းပန်ရာမှာ အပြစ်ကိုခဏခဏပြန်ဝန်ချစရာလိုသလား



၁ယော၁:၉မှာ အပြစ်ကိုဝန်ချတောင်းပန်ရင်ဘုရားက

ကျနော်တို့အပြစ်ကိုခွင့်လွှတ်ပေးပီး ဒုစရိုက်ရှိသမျှ

ကိုကင်းစင်စေမယ်လို့ဖော်ပြတယ်။ အဲဒီတော့ တစ်ခါ

ဝန်ခံထားရုံနဲ့လုံလောက်နိုင်မလား။ ထပ်ခါထပ်ခါဝန်ချ

တောင်းပန်ရမလား ဆိုတဲ့အချက်လေးကို 

ရှင်းရှင်းလင်းလင်းသိဖို့လိုလိမ့်မယ်။

တမန်တော်ကြီးရှင်ပေါလုက ဧဖက်၁:၆-၈ မှာ သား

တော်ရဲ့အသွေးအားဖြင့်အပြစ်လွှတ်တော်မူခြင်းတည်း

ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကိုငါတို့သည် ခံရ

ကြ၏လို့ ဖော်ပြတယ်။ ဒီနေရာမှာ အပြစ်လွှတ်တော်မူ

ခြင်း ဆိုတာဘာကိုဆိုလိုတာလဲ။ ဒါကိုသိဖို့လိုတယ်။ 

အပြစ်လွှတ်ခြင်းဆိုတာ ဒီကျမ်းပုဒ်မှာရည်ညွှန်းတာက 

ဝိညဉ်ကယ်တင်ခြင်းကို ဆိုလိုတယ် ကျနော်တို့ရဲ့အပြစ်

တွေကိုယူလိုက်ခြင်း၊ ကျနော်တို့ဆီကအပြစ်တွေကို သူ့

ရဲ့အသွေးတော်နဲ့ ဖယ်ရှားလိုက်ခြင်းဖြစ်တယ်။ 

ဆာလံ၁၀၃:၁၂မှာ "အရှေ့မျက်နှာစွန်းသည်

အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်းငါတို့အပြစ်

များကို ငါတို့နှင့်ဝေးစေတော်မူ၏။" လို့ပြောထားတယ်။ 

ဒါဟာ အပြစ်တရားစီရင်ရေးဆိုင်ရာကိစ္စမှာ ယေရှု

ခရစ်တော်ရဲ့ကယ်တင်ခြင်းအားဖြင့် ခွင့်လွှတ်ပေးလိုက်ပီ

ဖြစ်တယ်။ အဓိပ္ပယ်ကတော့ ဒီခွင့်လွှတ်ခြင်းဟာ

ကျနော်တို့ရဲ့အတိတ်ကအပြစ်၊ ပစ္စုပန်အပြစ်နဲ့ 

အနာဂတ်မှာ ပြုလုပ်အုံးမယ့်အပြစ်တွေအားလုံးအတွက်

အကျုံးဝင်တယ်။ ထာဝရကာလအထိအပြစ်စီရင်ခြင်းမှ

ကင်းလွတ်ခွင့်ရလိုက်ပီဖြစ်တယ်။ သို့သော်မသေခင်

အထိလုပ်နေတဲ့အပြစ်ရဲ့အကျိုးဆက်ကိုတော့ မသေခင်

အထိပေးဆပ်ခဲ့ရအုံးမှာဖြစ်တယ်။ အရက်သောက်ရင်အ

သဲထိခိုက်မယ်၊ ဆေးလိပ်သောက်ရင်အဆုတ်ထိမယ်၊ 

အငန်စားရင်သွေးတိုးဖြစ်မယ်၊ အချိုစားရင်ဆီးချိုဖြစ်

မယ်။ ဒါက ကိုယ်က Suffering ဖြစ်စေမယ့်အရာကို

ရွေးရင်ဒီ Consequences တွေဖြစ်မယ်။ နောက်ဆုံးကျ

နော်တို့ရဲ့ရုပ်ခန္ဓာဟာ အပြစ်ရဲ့အခဖြစ်တဲ့သေခြင်းနဲ့ လူ

တိုင်းကြုံလာရမယ်။ ဒီသေခြင်းအတွက်အာမခံချက်မရှိ

ဘူး။ ကျမ်းစာကလည်းအတိအလင်းပြောထားပီးသားပါ။ 

သို့သော် ဒီနာကျင်မှုဟာဒီဘဝအတွက်လုံလောက်တယ်။ 

နောက်ဘဝအထိဒီနာကျင်မှုတွေဆက်ပါမလာတော့ဘူး။ 

ကဲလိုရင်းကိုပြန်ဆက်ရင်ဖြင့် ဧဖက်၁:၆-၈ နဲ့ 

၁ယော၁:၉ ကြားထဲကကွဲပြားခြားနားချက်ကိုသိထားရ

လိမ့်မယ်။ ဧဖက် ၁:၆-၈ကတော့ အထက်ကရှင်းပြခဲ့ပီး

သလို ထာဝရအပြစ်စီရင်ခြင်းဆိုင်ရာခွင့်လွှတ်ခြင်းဖြစ်

ပီး၊ ၁ယော၁:၁-၉ ကတော့နေ့စဉ်ပြုမိမှားမိတဲ့ ဒုစရိုက်

အပြစ်တွေအတွက်ကို ဝန်ချဖို့ပြောနေခြင်းပါ။ ဟော

အထက်ကပြောခဲ့သလို ဘုရားက အတိတ်၊ပစ္စုပန်နဲ့

အနာဂတ်အတွက်တောင် ခွင့်လွှတ်ပေးခဲ့ပီပဲ။ 

ဘာကြောင့်ထပ်ပီးအပြစ်ဝန်ချရအုံးမလဲလို့မေးစရာရှိပါ

တယ်။ ဒီအဖြေကိုဖြေရရင် ဒီဝန်ချခြင်းဟာ 

relarionship အတွက်ပါ။ ဘုရားနဲ့ကျနော်တို့ဟာနေ့စဉ်

မိသဟာယဖွဲ့ကြတယ်။ သို့သော်တစ်ခါတလေဘုရားမ

ကြိုက်တာလည်းကျနော်တို့ပြုလုပ်မိတတ်ကြတယ်။ 

အိမ်မှာအဖေမကြိုက်တာ ဒါမမဟုတ်အဖေပြောတဲ့

စည်းကမ်းတစ်ခု၊ ပစ္စည်းတစ်ခုကိုယူမိတယ်ဆိုပါတော့။ 

ကျနော်တို့တော်စပ်မှုကတော့သားအဖပဲ။ အပြစ်လုပ်

လိုက်ပေမဲ့ သားအဖတော်နေအုံးမှာပဲ။ သို့သော်အဖေနဲ့

ကိုယ့်ကြားဆက်ဆံရေးကအရင်လိုကောင်းနိုင်ပါ့မလား။ 

ကိုယ့်အနေနဲ့ ကိုယ်လုပ်မိတဲ့အမှားအတွက်အဖေ့ကို

တောင်းပန်စကားဆိုလိုက်ရင် ဝန်ချလိုက်ရင် ဒီဆက်ဆံ

ရေးဟာကောင်းမွန်လာမယ်။ ကိုယ်ကိုတိုင်ကလည်း

အဖေ့ကိုအားနာမှုနဲ့ဒီအမှားကို နောက်တစ်ကြိမ်ပြုလုပ်ဖို့ 

ဝန်လေးသွားမယ်။ ဒါဟာဘုရားနဲ့ကျနော်တို့ကြားမှ မ

ဖြစ်မနေပြုလုပ်ရမယ့်အပြစ်ဝန်ချတောင်းပန်ခြင်းပါ။

မိသဟာယမပျက်ဖို့၊ ဘုရားနဲ့ရင်းနှီးကျွမ်းဝင်ခြင်းရရှိဖို့

အတွက်အပြစ်ဝန်ချခြင်းဟာ သေချာပေါက်လုပ်ရမယ့်

ယုံကြည်သူတစ်ယောက်ရဲ့တာဝန်ပါ။ ကျမ်းစာမှာလည်း

ပြောပီးသားပဲ ကျနော်တို့ဟာဘုရားရဲ့ဖြောင့်မတ်ခြင်း

ပေတံနဲ့တိုင်းရင် ဘယ်သူမှစာမေးပွဲအောင်မယ့်လူတွေ

မဟုတ်ကြလို့ပါ။ အပြစ်ဝန်ချစရာမလိုဘူးဆိုတဲ့ 

သွန်သင်ချက်တွေဟာ ကျနော်တို့ကိုဘုရားနဲ့ မသိမသာ

ဝေးကွာလာစေပီး မိသဟာယပျက်ပြားလာမယ်။ ဘုရား

မကြိုက်တာကို သြတ္တပစိတ်ကြည်ကြည်နဲ့ လုပ်နိုင်ဖို့ 

မိမိစိတ်ကိုလှည့်စားပီး စိတ်ဖြေတဲ့စနစ်တွေနဲ့ သွန်သင်

ချက်တွေကိုသတိပြုနိုင်ဖို့ ဒီပိုစ်လေးကိုတင်လိုက်ပါ

တယ်။
#AMM

Comments

Popular posts from this blog

သိပ္ပံ နှင့် ဓမ္မ​ဒဿနိက (မိတ်ဆက်)

#ထင်ရှားစွာဆုံးမပြစ်တင်ခြင်း

ခရစ်ယာန်သမိုင်းမှ အသုံးပြုခဲ့တဲ့ ငါးသင်္ကေတ