သမ္မာကျမ်းစာအနက်ဖွင့်ခြင်း-#Hermeneutics

၁။အဓိပ္ပါယ်ဖွင့်ဆိုချက်
Hermeneutic ဆိုတာဂရိစကားလုံး (hermeneia) "အနက်ဖွင့်ခြင်း", "ရှင်းပြခြင်း" 

၂။ဂျူးလူမျိုးတို့၏အနက်ဖွင့်ခြင်း (Jewish Hermeneutics)

PaRDes "ပါရ်ဒေးစ်" ဆိုတာကတော့ ဂျူးကျမ်းပညာရှင်တွေရဲ့အနက်ဖွင့်ခြင်းနည်း (၄) မျိုးရဲ့အတိုကောက်ဖြစ်ပါတယ် {"Pardes" refers to (types of) approaches to biblical exegesis in rabbinic Judaism or to interpretation of text in Torah study} ။ ဂျူးတွေရဲ့ PaRDes အနက်ဖွင့်ခြင်း (၄)မျိုးကိုအောက်ပါအတိုင်းရှင်းပြထားပါတယ်။ 

  (က)Peshat ()  "ကျယ်ပြန့်သည်, ဖော်ထုတ်/နှိုက်ထုတ်သည်"။ ဟေဗြဲစကားလုံး Peshat () ဟာ ဟေဗြဲဓမ္မဟောင်းကျမ်းကိုအနက်ဖွင့်တဲ့ရှေးစာပေအနုပညာ (၄)မျိုးအနက်ဘသာရပ်တစ်ခုဖြစ်ပြီး ဂျူးဘာသာရေးဆရာများနှင့် ကျမ်းပညာရှင်များကအသုံးပြုခဲ့ကြသည့် ကျမ်းစာအနက်ဖွင့်ခြင်းနည်းစနစ်ဖြစ်ပါတယ်။ Peshat  ရဲ့ဆိုလိုရင်းကတော့ "surface" မျက်နှာပြင် (သို့) "the literal (direct) meaning" ကျမ်းစကားလုံး၏မူရင်းကိုတိုက်ရိုက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်ပါတယ်။ 

   (ခ)Remez  ()   Remez "hints" စကားလုံးရဲ့ဆိုလိုရင်း 'စကားရိပ်သန်း/အရိပ်အမြွတ်' (သို့) "the deep meaning နက်နဲသောစကားလုံး (ပုံခိုင်းနှိုင်းရေးဖွင့်သော 'ရူပကအလင်္ကာ "allegoric: hidden", "symbolic" 'ပုံဆောင်ချက်အမှတ်သင်္ကေတ' များနှင့် ကျမ်းစကားလုံးများကိုမှန်ကန်စွာလေ့လာပိုင်းခြားအနက်ဖွင့်ဆိုသောနည်းစနစ်ဖြစ်ပါတယ်။ 

   (ဂ)Derash ()  "to interpret" အနက်ဖွက်ဆိုရန်,  "inquire" စုံစမ်းမေးမြန်းသည်, "seek" ရှာဖွေသည်  ဒီ Derash က (a method of exposition of scriptural verses) နဲ့ (the comparative meaning, as given through similar occurrences) တူညီတဲ့အဖြစ်ပျက်၊ ဖြစ်ရပ်တွေရဲ့ဆိုလိုရင်း၊ အဓိပ္ပာယ်များကိုနှိုင်းယှဉ်ရှင်းလင်းတဲ့စနစ်ဖြစ်ပါတယ်။ 

    (ဃ)Sod () ('lore')  "secret" လှို့ဝှက်ချက် ( နက်နဲမှု-mystery). Sod ဆိုတာ သမ္မာကျမ်းစာမှုတ်သွင်းခြင်း၊ ဖွင့်ပြခြင်း (inspiration or revelation) ရဲ့နက်နဲမှု esoteric ကိုနားလည်အောင် လေ့လာပိုင်းခြားတဲ့စနစ်ကိုခေါ်ပါတယ်။ 

(၃) ဂျူး (သို့) ဟီးဗရူးကျမ်းအနက်ဖွင့်ဠီကာ Jewish or Hebrew Biblical Exegesis 

Midrash - , pl. Heb:  - midrashim) ကတော့ မူရင်းဟေဗြဲကျမ်း၏ သဒ်ဓါ၊ ဝါကျ၊ စကားလုံးများ၏အဆက်အစပ်၊ အဓိပ္ပါယ်များကို နှိုက်ထုတ်လေ့လာတဲ့  biblical exegesis  ကိုရှေးဟောင်းယုဒကျမ်းတတ်ပုဂ္ဂိုလ်များအသုံးပြုလေ့လာတဲ့စနစ်ကိုဆိုပါတယ်။ Midrash စကားလုံးရဲ့မူရင်းကိုက "စာပိုဒ်၊စာသားကိုအနက်ဖွင့်ခြင်း၊ လေ့လာခြင်း" (textual interpretation, study) လို့အဓိပ္ပါယ်ရပါတယ်။ ဒီ Midrash အနက်ဖွင့်နည်းစနစ်ကို Talmud (Jewish civil/religious law & Jewish Theology) ဂျူးဘာသာရေးအခန်းအနားနှင့် ဂျူးလူမျိုးတို့ရဲ့ဓမ္မဗေဒများပြုစုရာတွင် ပိုပြီးအသုံးပြုကြကြောင်းတွေ့ရပါတယ်။ Talmud လည်း Babylonian Tulmud နဲ့ Jeruslem Talmud ဆိုပြီးရှိပါတယ်။ ထိုTalmudသည် Print နဲ့ Translation ကိုအခြေခံကာနာမည်အမျိုးနဲ့ထွက်လာတာတွေ့ရပါတယ်။ 

၎။ ယခုခေတ်သမ္မာကျမ်းစာအနက်ဖွင့်ဆိုခြင်း 
Contemporary Biblical Interpretation

ယခုမျက်မှောက်ကာလာ သမ္မာကျမ်းစာအနက်ဖွင့်ခြင်းဆိုင်ရာ နည်းစနစ်များကို၊ ဘာသာရေးဂိုဏ်းဂဏတစ်စုက မိမိတို့ထင်မြင်ယူဆသော နည်းများကိုထွင်ခြင်းမဟုတ်ပါဘူး။ အထက်ကဖော်ပြပြီးသလိုဘဲ ဂျူးလူမျိုးများကစတင်အနက်ဖွင့်ဆိုသည့် နည်းစနစ်များကိုအခြေခံပြီး hermeneutic principles များကိုသတ်မှတ်ကြတာပါ။ ဥပမာ တရားဟောချက်ပြင်ဆင်တော့မယ်ဆိုရင် ကျမ်းချက်၊ ကျမ်းပိုဒ်ရွေးရပါတယ်။ အလိုရွေးတဲ့ အခါအောက်ပါအချက်များက Sermon တစ်ပုဒ်ကိုမှန်ကန်သည့် သတင်းအချက်အလက်များကို ရှုထောင့်မျိုးစုံကနေ ပေးပါလိမ့်မယ်။

   (က) ကျမ်းရေးသူနှင့်လက်ခံပရိတ်သတ်များ
          Authorship and Audience
ကျမ်းချက်တစ်ခုဟောတော့မယ်ဆိုရင် ၎င်းကျမ်းကိုရေးသူ၊ ရေးတဲ့အချိန်နဲ့ဘယ်သူတွေကိုဘာ့ကြောင့်ရေးသလဲဆိုတာလေ့လာရပါမယ်။ 

     (ခ) ကျမ်းပိုဒ်ရှေ့နောက်အဆက်အစပ် Context 
     Context လို့ပြောတဲ့အခါ၊ ကျမ်းတစ်အုပ်လုံး၊ အခန်းကြီးတစ်ခုလုံး၊ စာပိုဒ်၊ ကျမ်းအခန်းငယ်များအဆက်အစပ်များ မှန်ကန်စွာနားလည်ရန်အရေးကြီးပါတယ်။ ပြီးတော့ သမိုင်းကြောင်းနှင့်လူ့ယာဉ်ကျေးမှု၊ ပထဝီအနေအနေထားကိုပါရှာဖွေမှတ်ထားရပါမယ်။ 

      Historical & Cultural Context
      Geographical Setting and its context

    (ဂ) ကျမ်းသဘာဝရေးနည်းရေးဟန် Genre 
ကျမ်းစာအုပ်ထဲမှာ စာအုပ်အလိုက်သော်ဌင်း၊ အခန်းကြီးလိုက်သော်၎င်း၊ အခန်းငယ်စာကြောင်းလိုက်သော်၎င်း ရေးနည်းရေးဟန်တွေမတူပါ။ ဥပမာ ဒံယေလကျမ်း၊ ဆာလံကျမ်း၊ သုတ္တံကျမ်း၊ ဒေသနာကျမ်း၊ ဗျာဒိတ်ကျမ်းနဲ့တစ်ခြားပရောဖက်ကျမ်းတွေရေးနည်းရေးဟန်၊ ပုံဆောင်ချက်တွေဟာ တစ်ခြားကျမ်းတွေနဲ့လွန်စွာကွာခြားသလိုအနက်ဖွင့်ဆိုရာတွင်လည်းလုံးဝခက်ခဲတာတွေ့ရပါတယ်။ OT နဲ့ NT မှာစာရေးနည်းဟန်တွေ Types of Genre ကမတူကြတဲ့အတွက် ကိုယ်ရွေးတဲ့ ကျမ်းပိုဒ်ဘယ်လိုအမျိုးအစားလည်းဆိုတာအောက်ပါအချက်များဖြင့် ခြုငြုံလေ့လာမှ နားလည်သဘောပေါက်မှာဖြစ်ပါတယ်။ 

       Figurative Language
       Prophesy (ဘာကို၊ဘယ်သူတွေ၊ ဘာအကြောင်းပရောဖက်ပြုထားသလဲ၊ ပြည့်စုံပြီလား၊ မပြည့်စုံသေးဘူးလား)
       Typology (ဓမ္မဟောင်းတွင်အများဆုံးတွေ့ရ)
       Apoclyptic (ဗျာဒိတ်ကျမ်း)
       Parables (ပုံပမာများ)
       Ecomium (songs of praise) & Poetory
       Wisdom (သုတ္တံကျမ်း)
       Oratory (Preaching)
        Pastoral 

    (ဃ) ရှင်းပြ၊ရှင်းလင်းချက် Clarification
 အထက်ပါအချက်လက်များနဲ့ ဟောပြောမည့်ကျမ်းချက်က ဘယ်လို၊ ဘာ့ကြောင်၊ ဘာပြာသာနာရှိတာ၊ ဘယ်သူတွေကိုလိပ်မူတာ၊ စာရေးသူကဘယ်လိုအဖြေပေးတယ်စသည့်တွေ့ရှိချက်တွေကိုပြန်ရှင်းလင်းဖို့လိုပါတယ်။ 

     (င) တူညီသောကျမ်းချက်များ 
          The Analogy of Scripture
ဒီမှာကျတော့ ကိုယ်ရွေးထုတ်ပြီးဟောမည့်ကျမ်းနဲ့ပတ်သက်ပြီးတော့ တစ်ခြားကျမ်းချက်တွေကကောဘာပြောထားသလဲ ကျမ်းပြိုင်တွေရှာပြီးနှိုင်းယှဉ်ရပါတယ်။ 

     (စ) လက်တွေ့ကျင့်သုံးမှု Application
ဒီကျမ်းချက်က ယနေ့ သင့်ကို၊ ကျွန်ုပ်ကိုဘာပြောသလဲ၊ ဘာကိုဆိုလိုတာလဲ ရှင်းပြပေးရပါတယ်။ 
လက်တွေ့လိုက်လျှောက်နာခံမည့်အပိုင်းကအရမ်းအရေးကြီးတဲ့အတွက် ကြားနာသူတွေရဲ့ဘဝအသက်တာမှာ စိတ်ခေါ်မှုပေးတဲ့ message ဖြစ်လာပါတယ်။ 

#မေးခွန်း-
ခရစ်ယာန်တော်များများမေးတတ်တဲ့မေးခွန်းပါ။ ငါတို့ကျမ်းစာကျောင်းမတက်တဲ့သူတွေက ဒါတွေကိုဘယ်လိုလို့သိနိုင်မှာလဲ။ ဂရိလည်းမသိ၊ ဟေဗြဲလည်းမသိ၊ အင်္ဂလိပ်လည်းနားမလည်ဘူး။ မှန်ပါတယ်။ အသင်းတော်တစ်ပါးမှာ ဘုရားအသုံးပြုတဲ့ သင်းအုပ်ဆရာနဲ့ဓမ္မဆရာတွေ၊ ကျမ်းစာကျောင်းပြီးတဲ့ဆရာတွေရှိပါတယ်။ စာဖတ်အား၊ လေ့လာမှုအားကောင်းတဲ့ တစ်ချို့အမှုတော်ဆောင်တွေက ကျမ်းစာကျောင်းတက်စရာမလိုပါ။ ဒီ Hemeneutics နဲ့ပတ်သက်ပြီးသင်ပေးဖို့ဖြစ်တယ်။ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနဲ့ထုတ်ဝေတဲ့စာအုပ်တွေရှိပါတယ်။ အဒီစာအုပ်တွေကို အမှုတော်ဆောင်တွေက ဝယ်ရမယ်၊ ဖတ်ရှုလေ့လာရမယ်။ 

အသင်းတော်ထဲယုံကြည်သူတွေကို ဒေသန္တရဘာသာစကားနဲ့ပြန်လည်သင်ကြားပေးလို့ရပါတယ်။ ပြသာနာက အမှုတော်ဆောင်အများစုက စာဖတ်ဖို့၊ ဒီလောက်နက်နဲတဲ့နှုတ်ကပတ်တော်ကို Study လုပ်ဖို့ပျင်းကြတာ။ 
ထို့အတူ ယုံကြည်သူတွေကလည်း ရသကောင်းပေးနိုင်မည့်စာတွေကျတော့ ရှည်တယ်ဆိုပြီးမဖတ်ချင်ကြပါ။ ရုပ်ပုံပေါ်မှာ ဘုရားကောင်းကြီးပေးပါစေဆိုတဲ့ စာတိုချပ်တွေကျတော့ ဒုနဲ့ဒေးရှဲပြီးအာမင်ပေးတတ်ကြတာတွေ့ရတယ်။

   တစ်ချို့ကြတော့ ကျမ်းစာပုံမှန်ဖတ်ပါတယ်။ သိပ်ကောင်းတဲ့အရာပါ။ ကျမ်းစာတစ်ခုထဲဘဲဖတ်ခြင်းဟာ daily devotional life ပါ။ တစ်ခြား အနက်ဖွင့်ကျမ်းတွေ၊ ကျမ်းအဘိဓာန်တွေ၊ သီအော်လော်ဂျီစာအုပ်တွေ၊ ဝိညာဉ်ရသစာပေတွေဖတ်ဖို့ Study လုပ်ဖို့လိုပါတယ်။ အနက်ဖွင့်ကျမ်းတွေလည်းမတူပါဘူး။ ဥပမာ၊ လက်ရှိမြန်မာပြည်မှာဘာသာပြန်အသုံးပြုနေကြတဲ့ William Mcdonald ရေးတဲ့ Belivers commentary က application ကောင်းတယ်။ Bible knowledge commentary က history နဲ့ theology ကောင်းတယ်။ McArthur NT Comentary က Exposition ကောင်းတယ်။ Pulpit Bible Commentary က ဂရိ၊ ဟေဗြဲစကားလုံးတွေ ကိုအခြေခံတဲ့အတွက် Exegetical ကောင်းတယ်။ ဒီအနက်ဖွင့်စာအုပ်တွေထက်ကောင်းတဲ့Commmentary စာအုပ်တွေလည်းအများကြီးရှိပါသေးတယ်။ ဒါ့ကြောင့်ဓမ္မဆရာတစ်ပါးက စာများများဖတ်ရှုဖို့လိုပါတယ်။ အစာကောင်းက ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေသလို ကောင်းမွန်တဲ့စာအုပ်တွေက သင့်အသိညာဏ်၊ သင့်ရဲ့နှုတ်ကပတ်တော်သိကျွမ်းနားလည်းခြင်း ဟောပြောခြင်းကိုလည်း ဧကန်တိုးတက် စေမှာဖြစ်ပါတယ်။ 

ကောင်းမွန်တဲ့ sermon ဆိုတာ ဒီလိုနက်နက်နဲနဲတူးဆွဖော်ထုတ်မှအနှစ်သာရရှိတာပါ။ တချို့ကတော့အပြောကောင်းတဲ့သူကမှတရားဟောကောင်းတယ်လို့ထင်ကြတာ။ အမှန်တော့ ကောင်းတဲ့တရားဒေသနာအနက်ပြန်ဟောပြောခြင်းက အပြောကောင်းတာနဲ့မဆိုင်ပါ။ နှုတ်ကပတ်တော်ကို ကိုယ်တိုင်အချိန်ပေးလေ့လာသင်ယူမှုနဲ့သာဆိုင်ပါတယ်။ 

God Bless! 

BU MANA LING

#ကိုးကား

1. Louis Berkhof, Principles of Biblical Hermeneutics.
2. Dr. Mel Locks, Hermeneutics.
3. David Dockery, Seven Step Model for Contempolary Biblical Interpretation. 
4. R C. Sproul, Knowing Scriptures
5. Class notes & assignment papers
6. Hebrew words from Wikipedia

Comments

Popular posts from this blog

သိပ္ပံ နှင့် ဓမ္မ​ဒဿနိက (မိတ်ဆက်)

#ထင်ရှားစွာဆုံးမပြစ်တင်ခြင်း

ခရစ်ယာန်သမိုင်းမှ အသုံးပြုခဲ့တဲ့ ငါးသင်္ကေတ