ခရစ်ယာန်သမိုင်းမှ အသုံးပြုခဲ့တဲ့ ငါးသင်္ကေတ
- ခရစ်ယာန်လို့ ပြောလိုက်ရင် အများစု ပြေးမြင် တဲ့သင်္ကေတက လက်ဝါးကားတိုင်း(Cross) ပင် ဖြစ်ပါတယ်။ မှန်ပါတယ် လက်ရှိကမ္ဘာမှာလည်း လက်ဝါးကားတိုင်း(Cross)ကို ခရစ်ယာန်တွေရဲ့ ကိုယ်စားပြုတဲ့ သင်္ကေတအဖြစ် အသုံးပြုကြပါ တယ်။ဒါပေမယ့် ရှေးကနေဦးခရစ်ယာန်များက လက်ဝါးကားတိုင်ကို ယုံကြည်ခြင်းသင်္ကေတအ ဖြစ် အသုံးမပြုခဲ့ကြပါဘူး။ (၂)ရာစုလောက်မှာ လက်ဝါးကားတိုင်နဲ့ ပတ်သက်မှုကိုအနည်းငယ် မျှသာ တွေ့ရပါတယ်။ အေဒီ (၃၁၃) ဖေဖော်ဝါရီ လ မှာတော့ ရောမအင်ပါယာကြီးကို အုပ်ချုပ်ခဲ့သူ (Constantine I ) ရဲ့ ခရစ်ယာန်ယုံကြည်မှုကို တရားဝင်ဘာသာအဖြစ် သတ်မှတ် သဘောတူ စာချုပ်(The Edict of Milan)ရေးထိုးပြီးနောက် ပိုင်းမှ လက်ဝါးကားတိုင်းကို သင်္ကေတအဖြစ် ကျယ်ပြန့်စွာ အသုံးပြုလာခဲ့ကြပါတယ်။ (၄) ရာစုမှာတော့ ခရစ်ယာန်ဘာသာရဲ့ ကိုယ်စားပြု သင်္ကေတအဖြစ် ကမ္ဘာတဝှမ်း အသုံးပြုခဲ့ကြပြီး ယနေ့အချိန်ထိ ဆက်လက်အသုံးပြုနေကြပါ တယ်။ - ရှေးကနဦး ခရစ်ယာန်ခေတ်မှာ လက်ဝါးကားတိုင်း(Cross)ကို အင်မတန် ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းတဲ့ အပြစ်ပေးသေဒဏ် ချနည်းလို့ ယူဆခဲ့ကြလို့ ငါးသင်္ကေတကို အသုံးပြုခဲ့ကြပါ တယ်။ ငါးဆိုဝာာ ရှေးကနဦး ခရစ်ယာန်များအ တွက် အ...