၁ယော၁:၁-၉မှာပြောသလိုအပြစ်ကိုဝန်ချတောင်းပန်ရာမှာ အပြစ်ကိုခဏခဏပြန်ဝန်ချစရာလိုသလား
၁ယော၁:၉မှာ အပြစ်ကိုဝန်ချတောင်းပန်ရင်ဘုရားက ကျနော်တို့အပြစ်ကိုခွင့်လွှတ်ပေးပီး ဒုစရိုက်ရှိသမျှ ကိုကင်းစင်စေမယ်လို့ဖော်ပြတယ်။ အဲဒီတော့ တစ်ခါ ဝန်ခံထားရုံနဲ့လုံလောက်နိုင်မလား။ ထပ်ခါထပ်ခါဝန်ချ တောင်းပန်ရမလား ဆိုတဲ့အချက်လေးကို ရှင်းရှင်းလင်းလင်းသိဖို့လိုလိမ့်မယ်။ တမန်တော်ကြီးရှင်ပေါလုက ဧဖက်၁:၆-၈ မှာ သား တော်ရဲ့အသွေးအားဖြင့်အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကိုငါတို့သည် ခံရ ကြ၏လို့ ဖော်ပြတယ်။ ဒီနေရာမှာ အပြစ်လွှတ်တော်မူ ခြင်း ဆိုတာဘာကိုဆိုလိုတာလဲ။ ဒါကိုသိဖို့လိုတယ်။ အပြစ်လွှတ်ခြင်းဆိုတာ ဒီကျမ်းပုဒ်မှာရည်ညွှန်းတာက ဝိညဉ်ကယ်တင်ခြင်းကို ဆိုလိုတယ် ကျနော်တို့ရဲ့အပြစ် တွေကိုယူလိုက်ခြင်း၊ ကျနော်တို့ဆီကအပြစ်တွေကို သူ့ ရဲ့အသွေးတော်နဲ့ ဖယ်ရှားလိုက်ခြင်းဖြစ်တယ်။ ဆာလံ၁၀၃:၁၂မှာ "အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်းငါတို့အပြစ် များကို ငါတို့နှင့်ဝေးစေတော်မူ၏။" လို့ပြောထားတယ်။ ဒါဟာ အပြစ်တရားစီရင်ရေးဆိုင်ရာကိစ္စမှာ ယေရှု ခရစ်တော်ရဲ့ကယ်တင်ခြင်းအားဖြင့် ခွင့်လွှတ်ပေးလိုက်ပီ ဖြစ်တယ်။ အဓိပ္ပယ်ကတော့ ဒီခွင့်လွှတ်ခြင်းဟာ ကျနော်တို့ရဲ့အတိတ်ကအ...